← Back to Books
Coding With Python

Coding With Python

PreorderDiscount: 25,000 MMK

Python ဟာ ကမ္ဘာ့ထိပ်တန်း Programming Language တွေထဲက တစ်ခုဖြစ်ပြီး AI (ဉာဏ်ရည်တုအတု)၊ Machine Learning၊ Data Science နဲ့ Web Development စတဲ့ နယ်ပယ်တွေမှာ အကျယ်တဝင့် အသုံးပြုနေကြပါတယ်။ Python ရဲ့ ရေးနည်း (Syntax) ဟာ ရိုးရှင်းပြီး အင်္ဂလိပ်စာနဲ့ ဆင်တူတာကြောင့် ကုဒ်ရေးနည်းကို မြန်မြန်ဆန်ဆန် တတ်မြောက်ချင်တဲ့ အခြေခံလေ့လာသူတွေအတွက် လက်စွဲတော် ဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။ နယ်ပယ်ပေါင်းစုံမှာ အသုံးဝင်တာကြောင့် Python Developer တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့အပြင် လစာကောင်းကောင်းနဲ့ အခိုင်အမာ ရပ်တည်နိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။ ဒီစာအုပ်လေးက ရိုးရှင်းတဲ့ ရှင်းလင်းချက်လေးတွေ ၊ examples တွေ ၊ projects လေးတွေနဲ့ အတူ Python Programming အကြောင်းလေးကို ရေးသားထားတာဖြစ်တဲ့အတွက်ကြောင့် Programming ကို ခုမှစလေ့လာမယ်သူတွေအတွက် ရွေးချယ်ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

30,000 MMK

25,000 MMK

Course Details

Python ဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး programming languages တွေထဲက တစ်ခုဖြစ်ပြီး AI၊ machine learning၊ data science နဲ့ web development စတဲ့ နယ်ပယ်တွေမှာ အကျယ်တဝင့် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးရှင်းပြီး အင်္ဂလိပ်စာသားတွေနဲ့ ဆင်တူတဲ့ syntax ကြောင့်လည်း coding နယ်ပယ်ထဲကို မြန်မြန်ဆန်ဆန် ဝင်ရောက်ချင်တဲ့ beginners တွေအတွက် အဓိက ရွေးချယ်စရာ language တစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ်။ Python ကို နယ်ပယ်စုံမှာ အသုံးပြုနေကြတာကြောင့် Python developers တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ လိုအပ်ချက် (demand) အရမ်းများပြီး ရရှိနိုင်တဲ့ အခြေခံလစာ (base salaries) တွေကလည်း တခြားအလုပ်တွေနဲ့ ယှဉ်ရင် အတော်လေး မြင့်မားပါတယ်။ ဒီစာအုပ်လေးမှာတော့ အောက်ပါ အကြောင်းအရာများကို လေ့လာရပါမယ်။

  • Beginner's Guide to Python
  • Is Python for you?
  • Best Way to Learn Python
  • How to Run Python?

တကယ်လို့သင်ဟာ Python ကို အခြေခံကနေ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ လေ့လာသွားချင်တယ်ဆိုရင်တော့ နောက်စာမျက်နှာတွေမှာပါမယ့် သင်ခန်းစာတွေကို သေချာလေးလိုက်လုပ်ဖို့လိုပါမယ်။

Beginner's Guide to Python

အောက်က သင်ခန်းစာတွေက သင့်ကို Python ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် (solid foundation) တွေ ရရှိစေမှာဖြစ်ပြီး သင့်ရဲ့ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက် (career goals) တွေအတွက်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးသွားမှာပါ။