Java ဟာ မည်သည့် Operation System (Window,Linux,macOS) မှာမဆို ကန့်သတ်ချက်မရှိ အလုပ်လုပ်နိုင်တဲ့ platform-independent language တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Phone & Computer Devices ပေါင်း (၃) ဘီလီယံကျော်မှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူက စိတ်ချရမှုနဲ့ လုံခြုံရေးပိုင်းကို အလွန်ဦးစားပေးရတဲ့ လုပ်ငန်းကြီးသုံး Enterprise Applications တွေ၊ Android Development၊ Big Data နဲ့ ရေရှည်သုံးစွဲဖို့ တည်ဆောက်ထားတဲ့ Legacy Software တွေမှာ အကျယ်တဝင့် အသုံးပြုကြပါတယ်။ Java ဟာ အစကတည်းက coding ကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ရေးသားတဲ့ ပုံစံအပေါ် အဓိက အလေးပေးထားတာကြောင့် တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာလည်း Java ကို မဖြစ်မနေ ထည့်သွင်းသင်ကြားပေးလေ့ ရှိတာကို တွေ့ရမှာပါ။ ဒီစာအုပ်လေးမှာတော့ အောက်ပါသင်ခန်းစာများကို လေ့လာရပါမယ်။
- Beginner's Guide to Java
- How to Run Java?
Beginner's Guide to Java
အောက်ပါသင်ခန်းစာလေး တွေက သင့်ကို Java ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် (solid foundation) တွေ ရရှိစေမှာဖြစ်ပြီး သင့်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်ထဲ၀င်နိုင်ဖို့အတွက် နောက်ထပ် တက်လှမ်းမယ့် ခြေလှမ်းသစ်တွေအတွက်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးသွားမှာပါ။
Java Introduction
Java Exception Handling
- Java Exceptions
- Java Exception Handling
- Java try...catch
- Java throw and throws
- Java catch Multiple Exceptions
- Java try-with-resources
Java List
- Java Collections Framework
- Java Collection Interface
- Java List
- Java ArrayList
- Java Vector
- Java Stack Class
Java Queue
- Java Queue Interface
- Java PriorityQueue
- Java Deque Interface
- Java LinkedList
- Java ArrayDeque
- Java BlockingQueue
- Java ArrayBlockingQueue
- Java LinkedBlockingQueue
Java Map
- Java Map Interface
- Java HashMap
- Java LinkedHashMap
- Java WeakHashMap
- Java EnumMap
- Java SortedMap Interface
- Java NavigableMap Interface
- Java TreeMap
- Java ConcurrentMap Interface
- Java ConcurrentHashMap
Java Set
- Java Set Interface
- Java HashSet Class
- Java EnumSet
- Java LinkedHashSet
- Java SortedSet Interface
- Java NavigableSet Interface
- Java TreeSet
- Java Algorithms
- Java Iterator Interface
- Java ListIterator Interface
Java I/o Streams
- Java I/O Streams
- Java InputStream Class
- Java OutputStream Class
- Java FileInputStream Class
- Java FileOutputStream Class
- Java ByteArrayInputStream Class
- Java ByteArrayOutputStream Class
- Java ObjectInputStream Class
- Java ObjectOutputStream Class
- Java BufferedInputStream Class
- Java BufferedOutputStream Class
- Java PrintStream Class
Java Reader/Writer
- Java File Class
- Java Reader Class
- Java Writer Class
- Java InputStreamReader Class
- Java OutputStreamWriter Class
- Java FileReader Class
- Java FileWriter Class
- Java BufferedReader
- Java BufferedWriter Class
- Java StringReader Class
- Java StringWriter Class
- Java PrintWriter Class
Additional Topics
- Java Keywords and Identifiers
- Java Operator Precedence
- Java Bitwise and Shift Operators
- Java Scanner Class
- Java Type Casting
- Java Wrapper Class
- Java autoboxing and unboxing
- Java Lambda Expressions
- Java Generics
- Java File Class
- Nested Loop in Java
- Java Command-Line Arguments
Java from a Learning Perspective
တကယ်လို့ သင်က စိတ်ကြိုက်လိုသလိုပြင်ဆင်နိုင်ပြီး platform တော်တော်များများမှာ အသုံးပြုတဲ့ programming language တစ်ခုကို လေ့လာဖို့ ရည်ရွယ်ထားတာဆိုရင်တော့ Java ဟာ သင့်အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ အောက်ကဥပမာလေးတစ်ခုကို ကြည့်လိုက်ရအောင် -

ထိပ်က code တွေကို အခုချက်ချင်း နားမလည်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ သင် မြင်တွေ့ရတဲ့အတိုင်းပဲ Java ဟာ စနစ်တကျ အပိုင်းလိုက် ခွဲခြားတည်ဆောက်ထားတဲ့ modular structure ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ coding ခရီးစဉ်အစကတည်းက စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲလွယ်တဲ့ (flexible)၊ လိုအပ်သလို ထပ်မံချဲ့ထွင်ရလွယ်ကူတဲ့ (scalable) code တွေကို ရေးသားတတ်လာအောင် သူက ပံ့ပိုးပေးထားပါတယ်။ တက္ကသိုလ်တွေမှာလည်း ကျောင်းသားတွေကို ဆော့ဖ်ဝဲလ် အင်ဂျင်နီယာဘာသာရပ်ရဲ့ အခြေခံအယူအဆတွေ၊ data structures နဲ့ algorithms တွေကို မိတ်ဆက်သင်ကြားပေးဖို့အတွက် Java ကိုပဲ မကြာခဏ အသုံးပြုလေ့ရှိကြပါတယ်။ ဒါ့အပြင် Java မှာ Oracle ကုမ္ပဏီက တရားဝင် ထုတ်ပြန်ပေးထားတဲ့ အကောင်းဆုံး documentation (အသုံးပြုပုံ လမ်းညွှန်ချက်) တွေ ရှိနေတာကြောင့် coding စလေ့လာသူ beginners တွေအတွက် လေ့လာရတာ ပိုမိုလွယ်ကူ အဆင်ပြေစေပါတယ်။
Java as Career Choice
Java ဟာ ခေတ်မီ ဆော့ဖ်ဝဲလ် နည်းပညာအမြောက်အမြားကို ပံ့ပိုးပေးနိုင်တဲ့ စွယ်စုံသုံး versatile programming language တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် Java ကို အောက်ပါနေရာတွေမှာ အသုံးများကြပါတယ် -
- Enterprise Software Development
- Android App Development
- Web Server Applications
- Game Development
- Big Data Technologies
Java ကို လေ့လာထားခြင်းက သင့်အတွက် အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြားကို ပွင့်လန်းစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော နယ်ပယ်တွေအတွက်တော့ Java ကို ရွေးချယ်တာက အကောင်းဆုံး ဆုံးဖြတ်ချက် မဟုတ်နိုင်ပါဘူး။ ဥပမာအားဖြင့် သင်က web development (ဝက်ဘ်ဆိုက် တည်ဆောက်ခြင်း)၊ low-level system programming (ကွန်ပျူတာ စက်ပစ္စည်း (hardware) တွေကို တိုက်ရိုက်ထိန်းချုပ်တဲ့ စနစ်ပိုင်း) ဒါမှမဟုတ် data analytics နဲ့ machine learning (ဉာဏ်ရည်တု နည်းပညာပိုင်း) တွေကို စိတ်ဝင်စားတာဆိုရင်တော့ Java က အသင့်တော်ဆုံး မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးတွေမှာဆိုရင်တော့ web development အတွက် JavaScript၊ Data Analysis နဲ့ Machine Learning အတွက် Python၊ ပြီးတော့ low-level system programming အတွက်ဆိုရင် C (သို့) C++ စတဲ့ တခြား ပိုမိုကိုက်ညီမယ့် language တွေကို ရွေးချယ်တာက ပိုပြီးတော့ သင့်တော်ပါလိမ့်မယ်။ နိဂုံးအနေနဲ့ ပြောရရင်တော့ သင့်ရဲ့ အနာဂတ် အသက်မွေးဝမ်းကျောင်း ရွေးချယ်မှု (career choice) ကပဲ သင် ဘယ် programming language ကို လေ့လာရမလဲဆိုတာကို အမှန်ကန်ဆုံး လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
