C Programming ဟာ Compiler တွေ၊ Operating System တွေနဲ့ မြန်နှုန်းနဲ့ စွမ်းဆောင်ရည် အထူးလိုအပ်တဲ့ Embedded System တွေ တည်ဆောက်ရာမှာ အသုံးပြုရတဲ့ အခြေခံအကျဆုံး Programming Language တစ်ခုဖြစ်ပါတယ်။ C ကို လေ့လာသင်ယူဖို့ အကောင်းဆုံး ဘာသာစကားအဖြစ် သတ်မှတ်ကြတာကတော့ သူဟာ Data Types၊ Variables၊ Loops နဲ့ Functions စတဲ့ Programming ရဲ့ အခြေခံ သဘောတရားတွေကို ပိုင်ပိုင်နိုင်နိုင် နားလည်သဘောပေါက်စေလို့ပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားဖို့ လိုအပ်တဲ့ အရေးကြီးလုပ်ငန်းခွင်နယ်ပယ်တွေမှာ C Developer တွေကို လစာကောင်းကောင်းနဲ့ အများအပြား အလိုရှိနေကြပါတယ်။ ဒီ သင်ခန်းစာထဲမှာတော့ အောက်ပါအချက်တွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။
- Beginner's Guide to C
- Is C for you?
- Best Way to Learn C
- How to Run C?
Beginner's Guide to C
ဒီသင်ခန်းစာတွေက သင့်ကို C Programming ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို ရရှိစေမှာဖြစ်ပြီး သင့်ရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းခွင် နောက်တစ်ဆင့်အတွက် အကောင်းဆုံး ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
C Introduction
- Getting Started with C
- Your First C Program
- C Comments
C Fundamentals
- C Variables, Constants and Literals
- C Data Types
- C Input Output (I/O)
- C Programming Operators
C Flow Control
- C if...else Statement
- C for Loop
- C while and do...while Loop
- C break and continue
- C switch Statement
- C goto Statement
C Functions
- C Functions
- C User-defined functions
- Types of User-defined Functions in C Programming
- C Recursion
- C Storage Class
C Arrays
- C Arrays
- C Multidimensional Arrays
- Pass arrays to a function in C
C Pointers
- C Pointers
- Relationship Between Arrays and Pointers
- C Pass Addresses and Pointers
- C Dynamic Memory Allocation
- C Array and Pointer Examples
C Strings
- C Programming Strings
- String Manipulations In C Programming Using Library Functions
- String Examples in C Programming
C Structure and Union
- C struct
- C structs and Pointers
- C Structure and Function
- C Unions
C Files
- C File Handling
- C Files Examples
C Additional Topics
- C Keywords and Identifiers
- C Precedence And Associativity Of Operators
- C Bitwise Operators
- C Preprocessor and Macros
- C Standard Library Functions
- C enums
Is C for you?
Programming ကို ခုမှစလေ့လာမယ်ဆိုရင်တော့ C Programming ကနေ စလေ့လာလိုက်တာက သင့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။
C from a Learning Perspective
တကယ်လို့ သင်ဟာ Coding နယ်ပယ် ကို အခုမှ စတင်ဝင်ရောက်သူဆိုရင် C ကို လေ့လာခြင်းက ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ဖို့ အထောက်အကူပြုမှာပါ။ ဒါပေမဲ့ C ရဲ့ ကုဒ် (Code) ရေးသားပုံကို Python လိုမျိုး ခေတ်ပေါ်ဘာသာစကားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ C ဟာ အနည်းငယ် ပိုပြီး ရှုပ်ထွေးတယ်လို့ ထင်ရနိုင်ပါတယ်။ ဥပမာအားဖြင့် အောက်ဖော်ပြပါ ပရိုဂရမ်နှစ်ခုဟာ C ရော Python မှာပါ ကိန်းဂဏန်းနှစ်ခု ပေါင်းခြင်းကို လုပ်ဆောင်ပြထားတာ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်းပဲ၊ လုပ်ဆောင်ချက်တစ်ခုတည်းကို လုပ်ဖို့အတွက် C ကုဒ်မှာ ရေးသားပုံစနစ် (Syntaxes) တွေ အများကြီး ပါဝင်နေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ C++, Python နဲ့ Java တို့လို ပရိုဂရမ်မင်း ဘာသာစကားတွေဟာ C ကို အခြေခံထားတာကြောင့် C ကို ကောင်းကောင်း နားလည်သဘောပေါက်သွားပြီဆိုရင် အဲဒီဘာသာစကားတွေကို ပြောင်းလဲလေ့လာဖို့က တော်တော်လေး ပိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ သက်မွေးဝမ်းကျောင်းတစ်လျှောက်မှာ ဘာသာစကား အမျိုးမျိုးကို လေ့လာရမှာ ဖြစ်တာကြောင့် အစကတည်းက အရာအားလုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အသေးစိတ် သေချာနားလည်ထားတာက သင့်အတွက် အများကြီး အကျိုးရှိစေမှာပါ။
C as Career Choice
C ကို အဓိကအားဖြင့် စွမ်းဆောင်ရည် မြင့်မားတဲ့ ခေတ်မီ တဲ့ applications တွေဖြစ်တဲ့
- Embedded Systems Design
- Operating Systems Development
- Firmware Development
- Kernel Design
တွေမှာ အသုံးပြုကြပါတယ်။ Web Development၊ Data Science၊ Machine Learning ဒါမှမဟုတ် Mobile App Development စတဲ့ နယ်ပယ်တွေအတွက် C ဟာ တိုက်ရိုက်အသုံးချဖို့ အသင့်တော်ဆုံး ရွေးချယ်မှု မဟုတ်နိင်ဘူးဆိုပေမယ့်လည်းပဲ ၊ ပထမဦးဆုံးလေ့လာရမည့် ဘာသာစကားအနေနဲ့ကတော့ C ဟာ အကောင်းဆုံး အစပျိုးရာနေရာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ C ဟာ ခေတ်ပေါ် Programming Language အားလုံးနီးပါးရဲ့ မိခင် (Mother of all languages) ဖြစ်လို့ပါပဲ။ C ကို သေချာရထားပြီးသွားရင် တခြားသော့ Programming Languages တွေဖြတဲ့ C++,C#,Python,Java ... တို့ကို ဆက်လေ့လာတဲ့အခါ အများကြီးလွယ်ကူသွားစေပါတယ်။
Best Way to Learn C
C Programming ကို လေ့လာရာမှာ 'ဒါကတော့ အမှန်၊ ဒါကတော့ အမှား' ဆိုပြီး သတ်မှတ်ထားတဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး။ အရာအားလုံးဟာ သင့်ရဲ့ လေ့လာသင်ယူမှုပုံစံ (Learning style) နဲ့ သင့်ရဲ့ လေ့လာနိုင်စွမ်း အနှေးအမြန် (Pace) အပေါ်မှာပဲ မူတည်ပါတယ်။ ဒီသင်တန်းလေးမှာတော့ စာဖတ်ပြီး လေ့လာရတာကို နှစ်သက်တဲ့သူတွေအတွက် Text-based သင်ခန်းစာတွေ အပါအဝင်၊ သင့်ရဲ့ စိတ်ကြိုက် လေ့လာမှုပုံစံတွေနဲ့ ကိုက်ညီအောင် အထူးစီစဉ်ပေးထားတဲ့ အကောင်းဆုံး သင်ခန်းစာ အစီအစဥ်များနှင့် Learning Resources တွေကို ထည့်သွင်းပေးထားပါတယ်။
How to Run C?
C Code တွေကို ရေးပြီး run ဖို့အတွက် Online Compiler တွေကို သုံးပြီး run လို့ရသလို့ ၊ မိမိ Computer ထဲတွင် Compiler ထည့်ပြီး run လည်းရပါတယ်။ အောက်ပါ link များမှတစ်ဆင့် code တွေရေးပြီး run နိုင်ပါတယ်။
